Tai
Learner App ကို SCF - Shan Computer Federation အောက်ရှိ SIIT ၏ R &
D မှ Researcher များ Developer များမှ ဖန်တီးထားခြင်းဖြစ်ပါသည်။
အဓိကအားဖြင့် မြန်မာနိုင်ငံအတွင်းသာမက ကမ္ဘာအရပ်ရပ်တွင်နေထိုင်ကြပါသော
ရှမ်းလူမျိုးတို့၏ စာပေကို လေ့လာရန် အထောက်အကူဖြစ်စေမည့် အခြေခံရှမ်းစာ
လေ့လာသော Applicaiton ဖြစ်ပါသည်။
ဤ App သည်
ရှမ်းစာပေစတင်လေ့လာလိုသူများအတွက် တစ်ဖက်တစ်လမ်းမှ
အထောက်အကူပြုနိုင်ပါမည်။ App အတွင်းတွင် ရှမ်းစာ အခြေခံ အဆင့်များကို
အသံနှင့်တကွ စီစဉ်ထားပါသည်။ သို့ရာတွင် ရှမ်းစာ ရှမ်းစကားနဲ့ လုံးဝ
ထိတွေ့နီးစပ်သူမဟုတ်ပါက မိမိကိုယ်တိုင် Self Study လုပ်နိုင်ရန်
လွယ်ကူမည်မဟုတ်ပါ။ ရှမ်းစာတတ်နှင့်ပြီးသော လူတစ်ယောက်အကူညီဖြင့်
လေ့လာသင်ယူမည်ဆိုပါက သင်ကြားရေးအတွက် အထောက်အကူ ဖြစ်ရန်သာ
ရည်ရွယ်ထားပါသည်။ အခြေခံ အဆင့်လေ့လာပြီးဆုံးပါက လေကျင့်ဖတ်ရှုရန်
သင်ခန်းစာများကို app update ထပ်မံ ထုတ်ပေးပါမည်။